1. အခမဲ့ သင်ခန်းစာများ (သို့) အခပေး သင်ခန်းစာများကို လေ့လာရန် အကောင့်အသစ်ဖွင့်၍ Registration Form ကို ဖြည့်သွင်းပြီးမှသာ Login ဝင်ရောက်ရန် သဘောတူပါသည်။
2. အသုံးပြုသူက profeso.edu.mm (Website) ကို အသုံးပြုလျှင် မိမိ၏ အကောင့် လျှိုူ၀ှက် နံပါတ် ထိန်းသိမ်းခြင်း၊ အများဆီ မရောက်သွားအောင် ထိန်းသိမ်းခြင်းတို့သည် အသုံးပြုသူ၏ တာဝန်သာ ဖြစ်သည်။
3. တရားဝင် ခွင်ပြုပေးထားသော User Account တစ်ခုတည်းဖြင့်သာ မိမိတစ်ဦးတည်း လေ့လာကြည့်ရှုခွင့်ရမည်ဖြစ်ပြီး၊ မိမိ၏ User Account ကိုသော်လည်းကောင်း၊ မိမိ၏ အကောင့် လျှိုူ၀ှက် နံပါတ် (Password) များကို သော်လည်းကောင်း အခြားသူများအား မျှဝေသုံးစွဲခွင့် မပြုရန် သဘောတူပါသည်။
4. သင်ခန်းစာများကို ဝယ်ယူရန်အတွက် profeso.edu.mm (Website) မှ သတ်မှတ်ထားသော ငွေလွှဲပုံစံများဖြင့်သာ သင်တန်းကြေး ပေးသွင်းရန် သဘောတူပါသည်။
5. အသုံးပြုသူသည် ငွေကြေးပေးဆောင်ခြင်း၊ မှတ်ပုံတင်ခြင်းတို့ကို ပြည့်စုံတိကျစွာ လုပ်ဆောင်ပါမည်ဟု သဘောတူပါသည်။
6. အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်ဖြစ်ပါက (သို့) သင်တန်းပြီးဆုံးအောင် မတက်ဖြစ် ပါက (သို့) မည်သည့်အကြောင်းတစုံတရာကြောင့်မှ ပေးသွင်းထားသော သင်တန်းကြေး၊ မှတ်ပုံတင်ကြေး၊ စာမေးပွဲကြေးနှင့် သင်တန်းနှင့်ပတ်သက်၍ ပေးသွင်းထားသော ငွေကြေးများအား လုံးဝ (လုံးဝ) ပြန်လည် ထုတ်ပေးမည် မဟုတ်ပါ။ လူစားထိုးတက်ရောက်ခြင်းများကိုလည်း (လုံးဝ) ခွင့်မပြုပါ။
7. အသုံးပြုသူက ၁၈နှစ်အောက်ဖြစ်နေလျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ လမ်းညွန်မှုဖြင့်သာ စျေးဝယ်ခြင်း ပြုလုပ်နိုင်သည်။
8. မိမိ ဝယ်ယူထားသော သင်ခန်းစာများကို ဝယ်ယူသည့်နေ့မှစပြီး သတ်မှတ်ထားသော ကာလ အတွင်းသာ ကြည့်ရှုခွင့်ရမည်ဖြစ်သည်။
9. profeso.edu.mm (Website) မှ ရရှိသော သင်ခန်းစာများတွင် ပါဝင်သည့် အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ pdf များ၊ အခြား data များ၊ စာရွက်စာတန်းများ၊ အမှတ်သားတံဆိပ်နှင့် စာရင်းဇယားများ စသည်တို့သည် profeso.edu.mm (Profeso Business Institute by Profeso Company Limited) ၏ အသိဥာဏ် မူပိုင်ခွင့် ရရှိပြီး ဖြစ်သည်။ ၄င်းတို့ကို Profeso Co., Ltd ခွင့်ပြုချက် မပါပဲ အသုံးပြုခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ မိတ္တူကူး ပြန်လည်ဝေငှခြင်းတို့ကို တားမြစ်ထားသည်။
10. အသုံးပြုသူများသည် သင်ခန်းစာများတွင် ပါဝင်သည့် အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ pdf များ၊ အခြား Data များ၊ စာရွက်စာတန်းများကို profeso.edu.mm (Website) မှ ထုတ်ယူအသုံးပြုရာတွင် မိမိ တကိုယ်ရေအတွက်သာ အသုံးချနိုင်ပြီး စီးပွားပြန်ရှာခွင့် လုံးဝ မရှိစေရ။
11. အသုံးပြုသူများသည် profeso.edu.mm (Website) မှ ရရှိသော သင်ခန်းစာများတွင် ပါဝင်သည့် အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ pdf များ၊ အခြား Data များ၊ စာရွက်စာတန်းများကို ကူးယူခြင်း၊ ပြုပြင်ခြင်း၊ ပုံတူပွားခြင်း၊ ပြန်လည်ဝေငှခြင်း၊ မိတ္တူဖြန့်ချီခြင်း၊ ပြန်လည်ရိုက်နှိပ်ခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း၊ တဆင့်ခံ ပြန်လည်ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် သဘောတူပါသည်။
12. အသုံးပြုသူများသည် profeso.edu.mm (သို့) Profeso Co., Ltd (သို့) Profeso Business Institute ၏ အမည်နာမကို အသုံးပြု၍ ဝါဒဖြန့်ခြင်း၊ ကြောငြာခြင်းများကို Profeso Co., Ltd ၏ ခွင့်ပြုချက် မပါပဲ မိမိ ဆန္ဒ အလျှောက် လုံးဝ လုပ်ပိုင်ခွင့်မရှိစေရ။
13. အခြား ကုန်သွယ်ရေး အမှတ်အသား၊ အခြားအမှတ်သားတံဆိပ် ၊ အခြား ဥာဏ ပိုင်ဆိုင်မှုများသည်လည်း အခြား သက်ဆိုင်ရာပိုင်ရှင်များနှင့်သာ သက်ဆိုင်သည်။
14. profeso.edu.mm (Website) သည် အခြား Website ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာ၊ ဖိုင်များသိမ်းဆည်းခြင်းဆိုင်ရာ တတိယအဖွဲ့အစည်း များနှင့် ဆက်စပ်လုပ်ကိုင်ပါသည်။
15. ထို့ကြောင့် profeso.edu.mm (Website) သည် တတိယအဖွဲ့အစည်းများ၊ ၄င်းတို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ပုံမှန်စောင့်ကြည့်ခြင်း၊ သဘောတူညီချက်ထုတ်ပြန်ပေးခြင်း၊ အတည်ပြုပေးခြင်း ၊ ၄င်းတို့၏ သက်တမ်း၊ ပြီးပြည့်စုံမှုတို့နှင့် မသက်ဆိုင်ပါ ၊ တာဝန်မရှိပါ။
16. profeso.edu.mm (Website) သည် ထိုတတိယအဖွဲ့အစည်းများ၊ Website များမှ ဖြစ်လာနိုင်သော အန္တရာယ်များသော ဗိုင်းရစ်များ ကူးဆက်ခြင်း ၊ အော်ပရေတာမှ ဆက်သွယ်မှု မပြုလုပ်ခြင်း စသည်တို့ကို အာမခံချက် မပေးပါ။
17. profeso.edu.mm (Website) (or) Profeso Business Institute (or) Profeso Co., Ltd က ဝန်ဆောင်မှုကို ရပ်ဆိုင်းရန်၊ အကောင့်တွေကို အဆုံးသက်ပိုင်ခွင့် ၊ profeso.edu.mm (Website) ထဲက ပါဝင်သော အရာများကို တည်းဖြတ်ပိုင်ခွင့်၊ မှာယူမှုများကို ပယ်ဖြတ်ပိုင်ခွင့်များ၊ ဝန်ဆောင်မှု အမျိုးအစားများ၊ ထုတ်ကုန် အမျိုးအစားများ၊ အလုပ်အကိုင် အမျိုးအစားများ၊ စျေးနုန်း အမျိုးအစားများ စသည်တို့ကို ကြိုတင်အကြောင်းကြားထားခြင်းမရှိပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပယ်ဖျက်နိုင်သည့် အခွင့်အရေး အပြည့်အ၀ ရှိသည်။
18. နိုင်ငံတော်အစိုးရမှ အရေးပေါ်ကြေညာချက်တစ်ခုခုကြောင့်သော်လည်းကောင်း၊ မမျှော်လင့်သော အခြေအနေတစ်ခုခုကြောင့်သော်လည်းကောင်း၊ သင်ကြား၍မရနိုင်သော အခြေအနေမျိုးတွင် သင်တန်း ကို ရပ်နားထားမည်ဖြစ်သည်ကို သဘောတူလက်ခံပါသည်။ သင်တန်းရပ်နားသင့် (သို့) မသင့်သည်ကို profeso.edu.mm (Website) (သို့) Profeso Business Institute by Profeso Co., Ltd ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
19. သင်တန်းသား/သူသည် သင်တန်းရှိ အခြားသောသူများအား ထိခိုက်နစ်နာစေမည့် အနှောက်အယှက်များ (သို့မဟုတ်) ပြုမူဆောင်ရွက်လုပ်ဆောင်ချက်များကို ဆောင်ရွက်ခြင်းမပြုလုပ်ရ။ သင်တန်းသား/သူသည် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာရန် သဘောတူညီပါသည်။ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မည်သည့် အချိန်တွင်မဆို profeso.edu.mm (Website) (သို့) Profeso Business Institute (သို့) Profeso Co., Ltd မှ သင်တန်းနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများအား ပြင်ဆင်နိုင်သည့် အခွင့်အရေး profeso.edu.mm (Website) (သို့) Profeso Business Institute (သို့) Profeso Co., Ltd တွင်ရှိသည်။
20. အကယ်၍ သင်တန်းသား/သူသည် ဤသဘောတူစည်းကမ်းချက်ပါ စည်းမျဉ်းတစ်ရပ်ရပ်ကို ချိုးဖောက်ပါက profeso.edu.mm (Website) (သို့) Profeso Business Institute (သို့) Profeso Co., Ltd သည် ဤသဘောတူစည်းကမ်းချက်ကို မည်သည့်အချိန်တွင် မဆို ရပ်စဲနိုင်၍ profeso.edu.mm (Website) (သို့) Profeso Business Institute (သို့) Profeso Co., Ltd သို့ ပေးသွင်းထားသော ကနဦးပေးသွင်းရသည့် မှတ်ပုံတင် ခြင်းဆိုင်ရာ အခကြေးငွေ နှင့် သင်တန်းကြေး အားလုံးကို သိမ်းယူမည်ဖြစ်သည်။ ထို့အပြင် သင်တန်းသား/သူသို့ သင်တန်းပို့ချမှုအား profeso.edu.mm (Website) (သို့) Profeso Business Institute (သို့) Profeso Co., Ltd မှ ရပ်စဲပိုင်ခွင့်ရှိသည်။ ဤသဘောတူ စည်းကမ်းချက်များအရ ဖော်ပြပါရှိသည့် profeso.edu.mm (Website) (သို့) Profeso Business Institute (သို့) Profeso Co., Ltd ၏ တာဝန်ဝတ္တရားများနှင့်စပ်လျဉ်း၍ ၄င်းမှ လိမ်လည်မှု (သို့) တမင်ကြံစည်ပျက်ကွက်မှုများ အတွက်မှအပ သင်တန်းသား/သူသည် profeso.edu.mm (Website) (သို့) Profeso Business Institute (သို့) Profeso Co., Ltd (သို့) ယင်း၏ဝန်ထမ်းများ (သို့) ကိုယ်စားလှယ်များအား ပြစ်မှုကြောင်းအရ တရားစွဲ၍ တောင်းဆိုမှုများ ပြုလုပ်ပိုင်ခွင့်မရှိသည်ကို သိရှိနားလည်သဘောတူညီပါသည်။
21. profeso.edu.mm (Website) (သို့) Profeso Business Institute (သို့) Profeso Co., Ltd မှာ လက်မှတ်ပေးအပ်ချီးမြှင့်သည့် အဖွဲ့အစည်းမဟုတ်သည့်အတွက် တက်ရောက် သင်ကြားမည့် သင်တန်း / Diploma Programme / MBA Programmes နှင့်ပတ်သက်၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင်ကြားပေးခြင်း၊ လက်မှတ်ပေးအပ်သော အဖွဲ့အစည်းဖြင့် ပူးပေါင်း၍ လက်မှတ်ရရှိအောင် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါသည်။ လက်မှတ်ရရှိပြီးနောက်ပိုင်း လက်မှတ်ပေးအပ်သည့် အဖွဲ့အစည်း များအနေဖြင့် တစ်စုံတစ်ရာ ပြင်ဆင်ခြင်း၊ Accredited Status ပြောင်းလဲခြင်း၊ အသိအမှတ်ပြုမှုများ ပြောင်းလဲသတ်မှတ်ခံရခြင်း၊ အပြီးအပိုင် ပိတ်သိမ်းခြင်းစသည့် ကိစ္စရပ်များအပြင် ၄င်းအဖွဲ့အစည်း နှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာကိစ္စရပ်ကိုမဆို profeso.edu.mm (Website) (သို့) Profeso Business Institute (သို့) Profeso Co., Ltd (သို့) ယင်း၏ဝန်ထမ်းများ (သို့) ကိုယ်စားလှယ်များမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။